Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာ ကျေးရွာ၌စိုက်ပျိုးရေရရှိရေးလုပ်ငန်းရာနှုန်းပြည့်ပြီးစီးမှု စစ်ဆေး


26 Mar,2024

တောင်တွင်းကြီး၊မတ် ၂၆


  မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝါးခြမ်းကာကျေးရွာအုပ်စု၊ဝါးခြမ်းကာကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ ၏ လယ်ယာမြေများအတွက် စိုက်ပျိုးရေများ ကုန်ကျစရိတ်သက်သာစွာရရှိနိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများကို မတ်လ ၂၅ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် နှင့်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက စိုက်ပျိုးရေရရှိရေးအတွက် ၅ဒသမ၄ကီလိုဝပ် ဆိုလာရေတင်စနစ်တည် ဆောက်ခြင်း နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်း စပ်ညှိုနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဝါးခြမ်းကာ ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးနှင့် ဆက်စပ်လုပ် ငန်းများကိုယခုဘဏ္ဍာနှစ် ပြည်ထောင် စုခွင့်ပြုရန်ပုံငွေကျပ် ၁၆ဒဿမ ၂၅၄သန်းဖြင့် တင်ဒါအောင်မြင်သည့် AGTကုမ္ပဏီ က ဇန်နဝါရီလ ဒုတိယပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများ၏ လယ်ယာမြေဧကများအတွက်စိုက်ပျိုးရေများကုန်ကျစရိတ်သက်သာစွာ ရရှိမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ထံမှ သိရသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm